သဘာဝလွန် မှော်စွမ်းအားတွေနဲ့ ပြည့်နေတဲ့တောကြီးထဲကို ရောက်လာတဲ့ ရဲအရာရှိတို့အဖွဲ့

🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 6.5

ဒီရုပ်ရှင်ဟာ မှုခင်းနဲ့ သဘာဝလွန်ဇာတ်အိမ်ကို ကျေးလက်နောက်ခံနဲ့ စိတ်ဝင်စားစရာကောင်းအောင်ပုံဖော်ထားတာပါ။

ကီရာလာပြည်နယ်နဲ့ တမီးလ်နာဒူးပြည်နယ် နယ်စပ်မှာရှိတဲ့ တောနက်ကြီးတစ်ခုဟာ ဝင်သွားသူတိုင်း ပြန်မလာတော့ဘဲ ပျောက်သွားတတ်တယ်ဆိုတဲ့ အရပ်ပြောပုံပြင်တွေကြောင့် နာမည်ကြီးပါတယ်။

ကီရာလာပြည်နယ်ထဲက ရဲအရာရှိတယောက်ဟာ အဲဒီတောနက်ထဲမှာ လမ်းပျောက်နေရင်း ဝေါကီတော်ကီကနေတဆင့် တမီးလ်နာဒူးရဲအရာရှိတစ်ဦးနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။

ဒါပေမဲ့ ထူးဆန်းတာက သူတိုနှစ်ယောက်ဟာ နေရာတစ်ခုတည်းမှာ ရှိနေကြပေမဲ့ အချိန်ကာလမတူညီဘဲ ဆယ်စုနှစ်တစ်ခုလောက် ကွာဟနေကြောင်း သိလာရသောအခါမှာတော့...။

Comments