အားလုံးစောင့်မျှော်နေကြတဲ့ Enola Holmes ရဲ့ တတိယမြောက် ဇာတ်လမ်းထွက်လာပါပြီ
ဒီတစ်ခါတော့ အရင်ကားတွေလို ဗြိတိန်မှာပဲ လည်မနေဘဲ မော်လ်တာ (Malta) ကျွန်းဆီကိုပါ ဇာတ်အိမ်ချဲ့သွားပါတယ်။
ဒီဇာတ်လမ်းမှာတော့ အီနိုလာ (Enola) နဲ့ လော့ဒ် တုစ်ဘူရီ (Lord Tewkesbury) တို စေ့စပ်ပွဲလုပ်ဖို ပြင်ဆင်နေကြတုန်း၊ သူ့ရဲ့ အစ်ကိုဖြစ်သူ နာမည်ကျော် စုံထောက်ကြီး ရှားလော့ခ်ဟုမ်းစ် (Sherlock Holmes) ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။ အဲဒီ ပြန်ပေးသမားတွေက ဘယ်သူတွေလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ ဆိုတာကို အီနိုလာတစ်ယောက် လိုက်စုံစမ်းရင်း ပိုကြီးမားတဲ့ လျှိဝှက်ပူးပေါင်းကြံစည်မှုကြီးတစ်ခုထဲကို ပါသွားပါတော့တယ်။
တစ်ဖက်မှာလည်း သူ့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေနဲ့ စုံထောက်အလုပ်ကြားက ရွေးချယ်မှုတွေကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းက အရင်ကားတွေထက် ပိုပြီး အသက်အရွယ်ရင့်ကျက်လာတဲ့ အီနိုလာရဲ့ ဘဝအခက်အခဲတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။
Comments
Post a Comment