ကမ္ဘာကျော် AK-47ကို တီထွင်ခဲ့တဲ့ အညာတရ စစ်သားလေး
🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 6.7
ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင် အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။
ဒီသေနတ်ကို တီထွင်သူ ဉာဏ်ကြီးရှင် မီခေးလ် ကာလာရှ်နီကော့ဗ် ကို အစွဲပြုပြီး official အနေနဲ့ ကာလာရှ်နီကော့ဗ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။
ကာလာရှ်နီကော့ဗ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။ ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။
အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်...
Comments
Post a Comment