လူသ-တ်သမားတွေ အချင်းချင်း ပြန်သ-တ်ကြမဲ့ ကွင်းစက်လူသ-တ်ကား
ကွင်းဆက်လူသတ်သမားကားလို့လဲပြောလို့ရသလို စုံထောက်ကား ဒါမှမဟုတ် ကလဲ့စားချေတဲ့ကားဆိုလဲ ဟုတ်ပြန်တယ် ဇာတ်လမ်းက သိပ်ကိုမိုက်ပြီး ဇာတ်လမ်းအဆုံးမှာ ပါးစပ်မဟောင်းသားနဲ့ဖြစ်သွားစေလိမ့်မယ်လို့အာမခံတယ် အကြိုက်ဆုံးကတော့ လူသတ်သမားသရုပ်ဆောင်ကီဘွန်း သူ့ရုပ်နဲ့သရုပ်ဆောင်ချက်တွေကဟာကွက်မရှိလန်ထွက်နေရောပဲ။
ကဲ ဇာတ်လမ်းအကြောင်းဆက်ရအောင်... ကီဘွန်းဆိုတဲ့ကွင်းဆက်လူသတ်သမားကဟီဂျူးဆိုတဲ့၅နှစ်အရွယ်ကောင်မလေးရဲ့အဖေရဲစုံထောက်ကို သတ်သွားခဲ့တယ် ဒါကိုကောင်မလေးကတစ်သက်မမေ့ခဲ့ပါဘူး။ လူသတ်တဲ့အခါလက်ရာခြေရာအပျောက်တစ်ကယ်ကိုစေ့စပ်သေချာလွန်းခဲ့တဲ့ ကီဘွန်း ဟာသူ့ကောင်မလေးသူ သတ်ပစ်ချိန်မှာတစ်စုံတစ်ယောက်ရဲ့သတင်းအတိအကျပေးခံလိုက်ရပြီး အဖမ်းခံလိုက်ရပါတယ် ဒါပေမယ့် ထောင် ၁၅နှစ်သာကျခဲ့တာကြောင့်အားလုံးကမကျေနပ်ကြပါဘူး။ ၁၅နှစ်ပြည့်လို့ လွတ်မြောက်လာတဲ့အခါမှာတော့...
Comments
Post a Comment