သေမင်းတွေတောင်ကြောက်ရတဲ့အိမ်စောင့်နတ်ကိုမှဖမ်းဖိုဖြစ်လာခဲ့ရာ
🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 7.1
မရဏတိုင်းပြည်က အစောင့်အရှောက်သုံးဦးဖြစ်တဲ့ ဂမ်ရင်း၊ ဟယ်ဝန်မက်နဲ့ လီဒေါ့ချွန်းတို့ဟာ သူတို့ရဲ့ ၄၉ ဦးမြောက် ဝိညာဉ်ဖြစ်တဲ့ ကင်ဆိုဟုန်ကို မြေအောက်ကမ္ဘာကို လမ်းပြပို့ဆောင်ပေးရမည့်အကြောင်း တင်ဆက်ထားတာပါ။
ကင်ဆိုဟုန်ဟာ အရင်ဇာတ်ကားထဲက မီးသတ်သမား ဂျာဟုန်ရဲ့ညီ၊ ညီတပ်သား ဆိုဟုန်ဖြစ်ပြီး ဂမ်ရင်းဦးဆောင်တဲ့ အစောင့်အရှောက်သုံးဦးဟာ ဆိုဟုန်ရဲ့ ဝိညာဉ်ကိုလည်း မရဏကမ္ဘာမှာ တရားစီရင်ဖို့အတွက် ပို့ဆောင်ပေးခဲ့ပြန်ပါတယ်။
လက်ရှိကမ္ဘာ၊ နောက်သွားရမယ့်ကမ္ဘာနဲ့ ပြီးခဲ့တဲ့အတိတ်ကမ္ဘာတွေကို ခရီးနှင်ရင်း မရဏအစောင့်အရှောက်တွေဟာ သူတို့တွေရဲ့ အတိတ်ဘဝက လျှို့ဝှက်ချက်တွေကိုပါ သိရှိခဲ့ပါတယ်။ လူသားတွေအပေါ် ကြင်နာတတ်တဲ့ အစောင့်အရှောက်သုံးဦးဟာ ဒီတစ်ခါမှာလည်း ဝိညာဉ်ဆိုဟုန် ငရဲမကျဖို့အတွက် ကူညီဖြေရှင်းပေးပြန်ပါတယ်။
Comments
Post a Comment