အန္တာတိကက လျှို့ဝှက်ဆန်းကြယ်အသီးကို မှားစားမိလိုက်တဲ့အခါ ကားတွန်းကားအသစ်

🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 5.8

ဇိုဝီဆိုတဲ့ကောင်မလေးဟာ ကျောင်းမှာ အမြဲတမ်း ပြဿနာရှိပြီး ခဏခဏ မိဘခေါ်ခံရတဲ့ ဆယ်ကျော်သက်ကောင်မလေး ဖြစ်ပါတယ်။ ဒီနောက်ကွယ်က အကြောင်းအရင်းကတော့ သူမရဲ့မိဘတွေဟာ အိမ်ထောင်ကွဲထားပြီးတော့ အဖေဖြစ်သူကလည်း ဝေးဝေးတစ်ခါမှ လာတွေ့၊ အမေဖြစ်သူကလည်း သိပ္ပံပညာရှင်ဖြစ်တဲ့အတွက် သူမကို အချိန်မပေးနိုင်တဲ့အခါ မိဘတွေ သူ့ကို အချိန်ပေးအောင် ပြဿနာရှာလာတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမဟာ အလုပ်ရှိလို့ အပြင်ထွက်သွားပြီး ဇိုဝီရဲ့ သူမရဲ့ အိမ်မွေးတိရိစ္ဆာန်သုံးကောင်ကို ဓာတ်ခွဲခန်းထဲ မဝင်ဖို့ မှာခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူတို့ဟာ ဓာတ်ခွဲခန်းထဲဝင်ပြီး အဲဒီအသီးတချို့ကို ဘယ်ရီသီးအမှတ်နဲ့ စားပစ်လိုက်ပါတော့တယ်။ ဒီတော့ ဇိုဝီနဲ့ သူ့အကောင်လေးတွေ အဲဒီထူးဆန်းတဲ့အသီးကို စားမိပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘာတွေ ကြုံတွေ့ရမလဲဆိုတာကို ပေါ့ပေါ့ပါးပါး စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။

Comments