ဟန်မင်းဆက်ပျက်သုန်းချိန်ဝယ် ထွက်ပေါ်လာတဲ့ ရာဇ၀င်တွင်မယ့် သူရဲကောင်း
အခုနောက်ပိုင်း တရုတ်ရုပ်ရှင်တွေမှာ အရည်အသွေးကောင်းမွန်လာသလို၊ ကာတွန်းရုပ်ရှင်လောကမှာလည်း တရုတ်နိုင်ငံရဲ့ သမိုင်းအခြေခံ ဇာတ်လမ်းတွေကို ပိုပြီးအသက်ဝင်အောင် ဖန်တီးလာကြတာကို သတိထားမိကြမှာပါ။ အခုတစ်ခေါက်မှာတော့ တရုတ်နိုင်ငံရဲ့ သမိုင်းမှာ အထင်ရှားဆုံးဖြစ်တဲ့ သုံးပြည်ထောင်ခေတ် က သူရဲကောင်းတွေရဲ့ အကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ကာတွန်းကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ တုန်းဟန်မင်းဆက်နှောင်းပိုင်းက သမိုင်းတွင် ထင်ရှားလှတဲ့ ချောင်ချောင် (Cao Cao) ပဲ ဖြစ်ပါတယ်။ သူဟာ နိုင်ငံ့အရေးကို အလေးထားတဲ့ နိုင်ငံရေးသမား၊ စစ်ရေးပညာရှင်၊ စာပေပညာရှင်၊ ကဗျာဆရာတစ်ဦးဖြစ်ပြီး "ကံကြမ္မာသည် ငါ့အပေါ်၌တည်၏" ဆိုတဲ့ ပြတ်သားတဲ့ယုံကြည်မှုကို ဆွဲကိုင်ထားသူ ဖြစ်ပါတယ်။ ရှုပ်ထွေးပွေလီလှတဲ့ ခေတ်ကြီးထဲမှာ သူ့ရဲ့ ထူးချွန်တဲ့ လက်ရုံးရည်၊ နှလုံးရည်တို့နဲ့ အောင်မြင်မှုကြီးတွေကို...
Comments
Post a Comment