ကမ္ဘာကြီးကို စကြာ၀ဠာအပြင်ဘက်တွန်းထုတ်ဖို့ကြိုးစားတဲ့လူသားတွေ
ကမ္ဘာပျက်ခြင်းနဲ့ ကြုံတွေ့ရတော့မယ့် အခြေအနေတစ်ခုကို ရှောင်လွှဲနိုင်ဖို့အတွက် တစ်ကမ္ဘာလုံးက လူသားမျိုးနွယ်များ ပူးပေါင်းပြီး ကမ္ဘာပျက်မယ့် အန္တရာယ်ကနေ ကယ်တင်ကြပုံအကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။
ဇာတ်လမ်းထဲမှာ နေမင်းကြီးဟာ တဖြည်းဖြည်း အရွယ်အစား ထုထည်ကြီးမားလာပြီး နောင်နှစ်ပေါင်းသုံးရာအတွင်းမှာ ကမ္ဘာဂြိုဟ်ကြီးကိုပါ ဝါးမျိုတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ရတော့မှာပါ။ အဲ့အချိန်မှာ လူသားအားလုံး ပေါင်းစည်းပြီး ကမ္ဘာကြီးကို နေစကြာဝဠာ အပြင်ဘက်ကို တွန်းထုတ်သွားဖို့အတွက် ပြင်ဆင်ကြပါတော့တယ်။
အဲ့လိုလုပ်ဖို့အတွက် ကမ္ဘာ့အင်ဂျင်ကြီးများလို့ ခေါ်တဲ့ ဧရာမအင်ဂျင် အလုံးပေါင်း ၁၀,၀၀၀ ကို တည်ဆောက်ပြီး ကမ္ဘာကို ဟိုးအဝေး နေနဲ့ အဝေးဆုံးကို တွန်းပို့ခဲ့ကြတယ်… ဒါပေမဲ့ တစ်နေ့မှာ ဂျူပီတာဂြိုဟ်ကြီးရဲ့ ဆွဲငင်အား ပတ်လမ်းကြောင်းနဲ့ ကမ္ဘာဂြိုဟ်ကြီး နီးကပ်သွားတဲ့ အချိန်မှာတော့… ကမ္ဘာကြီးကို ဂျူပီတာဂြိုဟ်ကြီးရဲ့ ဆွဲအားအောက်ကနေ ဘယ်လိုမျိုး ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ကြမလဲဆိုတာကိုတော့…
Comments
Post a Comment