အမေဇုံတောနက်ကြီးထဲက တကွဲတပြားဖြစ်ကုန်မယ့် သူငယ်ချင်းတွေရဲ့ ၁၉ရက်တာ ငရဲခရီးလမ်း

🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 6.7

တကယ့်ဖြစ်ရပ်မှန်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်၊ ကမ္ဘာပတ်ပြီးခရီးထွက်ရတာကို နှစ်သက်တဲ့ ယိုစီ (Daniel Radcliffe) ဟာ တောင်အမေရိကမှာရှိတဲ့ Bolivia နိုင်ငံကိုရောက်လာပြီး သူ့လိုပဲ adventure စွန့်စားခန်းတွေထွက်ရတာနှစ်သက်တဲ့ ကျောင်းဆရာ မားကပ်စ်နဲ့ ဓာတ်ပုံဆရာ ကယ်ဗင်တို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။

၃ ယောက်အတူ ခရီးရှေ့ဆက်ကြရင်း La Paz ဆိုတဲ့မြို့လေးမှာ ယိုစီ က ကားလ် လို့ခေါ်တဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်၊ ကားလ်က ယိုစီ့ကို တောနက်ထဲက အင်ဒီးယန်းလူမျိုးစုတွေရှိတဲ့နေရာကို သူခေါ်သွားပေးနိုင်ကြောင်းနဲ့ ရွှေတွေလိုက်ရှာသူဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ကားလ်ခေါ်တဲ့ တောနက်ထဲကို ယိုစီ၊ ကယ်ဗင် နဲ့ မားကပ်စ်တို့ ၃ ယောက်လိုက်သွားခဲ့ပြီးတော့ မားကပ်စ် ခြေထောက်မှာ ဒဏ်ရာရခဲ့လို့ လှည့်ပြန်ရမလို ဆက်သွားရမလိုတွေ ဖြစ်ခဲ့ပါတယ်...

Comments