ပြန်ပေးဆွဲခံလိုက်ရတဲ့ ဇနီးသည်ကို လုံးဝမတည့်တဲ့ခင်ပွန်းနှစ်ယောက် ပေါင်းပြီးကယ်တင်ဖို့ကြိုးစားသောအခါ

🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 7.5

မူးယစ်ဆေးမှု စုံထောက် ဟွမ်ချွန်းရှစ် (Jin Sun-Kyu) ဟာဆိုရင် ဇနီးဟောင်းဖြစ်သူ ရှီနယ် (Kang Hanna) အပေါ် သံယောဇဉ်မပြတ်နိုင်သေးသလို သမီးလေး ဟွမ်ယွန်းဂျူ (Oh Eun-Seo) အပေါ်လည်း အရမ်း ကြင်နာမှုရှိတဲ့ ဖခင်ကောင်းတစ်ယောက်ပါ။

တစ်နေ့ ယွန်းဂျူရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို တက်ရောက်လာကြတဲ့ ချွန်းရှစ်နဲ့ မင်ဆော့တို့က မိသားစုထိုင်ခုံနေရာမှာ ထိုင်ရဖို့အတွက် အားပြိုင်နေကြချိန်မှာပဲ ဟယ်ရန်း (Lee Da-Hee) ဆိုသူက ရှီနယ်နဲ့ ယွန်းဂျူတို့ကို ပြန်ပေးဆွဲထားကြောင်း၊ ချွန်းရှစ် မကြာသေးခင်က ဖမ်းဆီးခဲ့တဲ့ သူ့ရဲ့ခင်ပွန်းသည် မူးယစ်ဂိုဏ်းခေါင်းဆောင် မာဒိုဂျွန်း (Kim Ji-Seok) ကို ပြန်လည် ခေါ်ဆောင်လာပေးဖို့ ဖုန်းဆက်ခြိမ်းခြောက်လာပါတော့တယ်။

အဲဒီလိုကနေ ရှီနယ်နဲ့ ယွန်းဂျူကို ကယ်တင်ဖို့အတွက် ချွန်းရှစ်နဲ့ မင်ဆော့တို့ လက်တွဲပူးပေါင်းဖြစ်သွားတဲ့အခါမှာတော့...

Comments