အစိုးရရဲ့ အဖမ်းအဆီးကြားကနေ သမီးဖြစ်သူနဲ့အတူ ထွက်ပြေးလွတ်မြောက်အောင် ရုန်းကန်ရမယ့်လီယို
လီယိုနာဒိုဒီကာပရီရို ရဲ့ တစ်ကြော့ပြန် One Battle after Another ရုပ်ရှင်ထွက်လာပါပြီ။ တစ်ကြော့ပြန်ဆိုတာ သူ့ရဲ့အော်စကာတန်းဝင်နောက်တစ်ကားလို သတ်မှတ်လို့ရပြီး ဒီနှစ်ထဲမှာ Brad Pitt ရဲ့ F1, Leonardo ရဲ့ One Battle After Another ရုပ်ရှင်ဂုရုကြီးတွေ ပိတ်ကားပေါ်ပြန်ရောက်လာတဲ့ နှစ်လို့ဆိုရမယ်။
ဒီကားအစမှာ French 75 ဆိုတဲ့ လက်နက်ကိုင်အဖွဲ့နဲ့စထားတယ်။ ဒါပေမဲ့ အဲ့ဂိုဏ်းကအဖွဲ့ဝင်တွေကို US အစိုးရက အကုန်လိုက်ဖမ်းလို့ ဖော်ကောင်လုပ် ထိုးကျွေးခံလိုက်ရတဲ့အခါ Bob Ferguson လည်းသူ့သမီးလေးနဲ့အတူ တိမ်းရှောင်ဖို့ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းက နိုင်ငံရေးအက်ရှင်ပုံစံမျိုးဖြစ်ပြီး plot twist လေးတွေနဲ့ Rotten Tomatoes မှာလည်း 98% နဲ့ fresh ထားပြီး IMDb rating ဟာလည်း 8.5/10 ရရှိထားတာပါ။ တကယ်ရဖို့လည်း ထိုက်တန်တဲ့ကားလို့လည်း ထင်ပါတယ်။
Comments
Post a Comment