ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ မလေးရှား နိုင်ငံထောက်လှမ်ရေး အက်ရှင်ဇာတ်ကားကောင်း

🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 7.3

ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ပိတ်ကားထက်မှာ ပြန်လည်ပုံဖော်ထားခြင်း

ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၀ ပြည့်လွန်နှစ်များမှာ မလေးရှားနိုင်ငံဟာ စစ်ပြီးဆုံးသွားပေမဲ့လည်း မြို့နောက်ကွယ်မှာတော့ လျှို့ဝှက်ဂိုဏ်းတွေ၊ လောင်းကစား၊ ဘိန်းရောင်းဝယ်ရေး၊ လာဘ်စားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေ အမြစ်တွယ်နေဆဲ ဖြစ်ပါတယ်။

အဲဒီလို အခြေအနေမျိုးမှာ CID ရဲအရာရှိလည်းဖြစ်၊ ဆီလတ် ဂါယောင် (မလေးရိုးရာ ကိုယ်ခံပညာကျောင်း)ရဲ့ အကြီးအကဲချုပ်လည်းဖြစ်တဲ့ မီအောအာဘ်ဒူရာမန်ဟာ တရားမျှတမှုကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပြီး အမှုဟောင်းတွေကို ပြန်လည်စုံစမ်းရင်း ရဲတပ်ဖွဲ့အတွင်းမှာ လာဘ်စားမှု၊ အာဏာနဲ့ ငွေကြေးအောက်မှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ကွန်ရက်ကြီးတစ်ခုကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာခဲ့ပါတယ်....

Comments