ကိုရီယားကိုလူကု-န်ကူးတဲ့ ကွန်တိန်နာပေါ်မှာ ကူးစက်မြန်တဲ့ ဗိုင်းရပ်ပိုးပါလာတဲ့ အခါ

🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 6.6

ဇာတ်လမ်းကတော့ တရုတ်၊ ဖိလစ်ပိုင် စတဲ့ မတူတဲ့နိုင်ငံတွေကနေ ကိုရီးယားကို တရားမဝင် လူကုန်ကူးတဲ့ ကွန်တိန်နာပေါ်က ပါလာခဲ့တဲ့ နိုင်ငံခြားသားတွေဆီမှာ H5N1 ဆိုတဲ့ ဗိုင်းရပ်စ်အဖျားပိုး ပါလာခဲ့ပါတယ်။ တောင်ကိုရီးယား ဆိပ်ကမ်းကို ကွန်တိန်နာ ရောက်ရှိလာတဲ့အချိန်မှာ ၉ ရက်တာ ကြာခဲ့ပြီး အလုံပိတ် ကွန်တိန်နာထဲမှာရှိတဲ့ အဖျားပိုးက ရောဂါအညစ်အကြေးတွေကြောင့် Avian Virus ဆိုတဲ့ တုတ်ကွေးဗိုင်းရပ်စ်အဖြစ် သန္ဓေပြောင်းသွားခဲ့ပါတယ်။

နိုင်ငံတကာမှာ H5N1 နဲ့ ဝက်တုတ်ကွေး စတဲ့ ဗိုင်းရပ်စ်တွေကြောင့် လူအသေအပျောက် ရှိခဲ့ပေမဲ့ ရာသီတုတ်ကွေးလောက်သာ ဖြစ်ဖူးပြီး ကြီးကြီးမားမား မကြုံဖူးတဲ့ တောင်ကိုရီးယားနိုင်ငံ ဘူဒန်မြို့ကို ထိုဗိုင်းရပ်စ် ရောက်ရှိလာတဲ့အခါ... ကန်ဂျီဂူးဆိုတဲ့ ကယ်ဆယ်ရေးအဖွဲ့ ဝန်ထမ်းလေးနဲ့ ရောဂါရှာဖွေရေး ဆရာမ ကင်အင်ဟေး၊ သမီးဖြစ်သူ ကင်မီရီတို့ရဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကို အသက်ဝင်အောင် ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

Comments