အိန္ဒိယဖန်တွေအကြိုက်အသစ်စက်စက် ရုံတင်ကားသစ်ကြီး

🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 6.7

မင်းသားကြီးအမီတာဘချမ်းရဲ့ မြေးဖြစ်သူ အာဂတ်စ်ယာနန်ဒါရဲ့ အဓိကဇာတ်ဆောင်အနေနဲ့ ထွက်ရှိလာခဲ့တဲ့ ၁၉၇၁ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲကို အခြေခံထားတဲ့ ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။

၂၀၂၅ မှာ ရုံတင်ဖို့လုပ်ခဲ့ပေမဲ့ ၂၀၂၆ မှပဲ ရုံတင်ခဲ့ပြီး ဝင်ငွေရူပီး ၄၅ ကုဋေကျော်ရခဲ့တဲ့ ရုံတင်ကားကြီးပါ။

Ikkis - ၂၁ တဲ့။ ၂၁ နှစ်အရွယ် လူငယ်လေး အာရွန်ရဲ့ ဇာတိသွေးဇာတိမာန်ထက်သန်ပုံနဲ့ လူငယ်သဘာဝ နှလုံးသားရေးရာတို့ကို ချိန်ထိုးပြသရင်း အတိတ်နဲ့ ပစ္စုပ္ပန်ကြား ဖြစ်ရပ်တွေကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ။

အာရွန်တစ်ယောက် အရာရှိငယ်သင်တန်းတက်နေစဉ်မှာပဲ အိန္ဒိယ-ပါကစ္စတန် စစ်ရေးတင်းမာလာတာကြောင့် သင်တန်းဖျက်သိမ်းပြီး ရှေ့တန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ဒီမှာပဲ ရှေ့တန်းစခန်းက တင့်ကားတပ်မှာ စစ်ရေးပြင်ရင်း ကြုံတွေ့လာရတဲ့ အဖြစ်အပျက်တွေကို ခံစားကြည့်ရှုကြပါဦး။

Comments