ထူးဆန်းတဲ့ရောဂါ ကြောင့် ခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ သေးငယ်သွားတဲ့အခါ

🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 8.7

ပေါလ် ဟာ ပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ သာမန်သင်္ဘောတည်ဆောက်ရေးလုပ်ငန်းရှင်တစ်ဦးပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ ပင်လယ်ထဲ အလည်ထွက်ရင်း ထူးဆန်းတဲ့ မြူခိုးတွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း သူ့ဘဝက ထာဝရပြောင်းလဲသွားပါတော့တယ်။

သူ့ရဲ့ခန္ဓာကိုယ်ဟာ တစ်နေ့ထက်တစ်နေ့ သေးငယ်လာပြီး ဘယ်ဆရာဝန်ကမှ ကုသပေးလို့မရခဲ့ပါဘူး။ နောက်ဆုံး လက်တစ်ဝါးစာအရွယ်ပဲ ကျန်တော့တဲ့အချိန်မှာ ပေါလ်ဟာ သူ့အိမ်ရဲ့ မြေအောက်ခန်းထဲမှာ မတော်တဆ ပိတ်မိသွားပါတော့တယ်။ အရင်က သာမန်မြင်နေကျ မြေအောက်ခန်းဟာ ပေါလ်အတွက်တော့ ဧရာမအန္တရာယ်တောကြီး ဖြစ်လာပြီး... အိမ်မွေးကြောင်တွေ၊ ပင့်ကူတွေရဲ့ရန်ကနေ အသက်ရှင်ဖို့ ဘယ်လိုမျိုး အသည်းအသန် ရုန်းကန်ရမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါခင်ဗျာ။

Comments