အလန်းစား အက်ရှင်တွေနဲ့ ရှယ်ကြည့်လိုကောင်းနေတဲ့ ဗစ်ကရမ် ဇာတ်ကား

🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 8.7

အစ်ကိုကတော့ နုံနုံအအ ကြောက်တတ်တဲ့ ဗစ်ကရမ်၊ ညီကတော့ အစ်ကိုကို ထိရင် ငြိမ်မနေတတ်တဲ့ ရွန်နီ။ သူတို့အဖေ၊ သူတို့အဘိုးဟာ ရဲအရာရှိတွေ၊ စံပြရဲသားကြီးတွေ။ ဒါကြောင့် အစ်ကိုဖြစ်သူ ဗစ်ကရမ်ကိုလည်း ညီဖြစ်တဲ့ ရွန်နီက ရဲအရာရှိလုပ်ခိုင်းခဲ့ပါတယ်။

လူရှိန်အောင်သာ ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့တာ၊ တကယ်တော့ သူက ရာဇဝတ်သားတွေကို ကြောက်တတ်သူ။ ဒီလိုနဲ့ ရဲအရာရှိဖြစ်လာတော့ မြို့နယ်အတွင်း ပြန်ပေးဆွဲဂိုဏ်းတစ်ခုကို ဝင်စီးရာကနေ ဗစ်ကရမ်ဟာ ပြန်ပေးဆွဲဂိုဏ်းရဲ့ ရန်သူဖြစ်လာပါတယ်။

အဲ့ဒီဂိုဏ်းဟာလည်း နိုင်ငံခြားသား အစွန်းရောက်တစ်ဦးရဲ့ လက်ပါးစေ အိန္ဒိယဂိုဏ်း၊ အာဏာကြီးသလို သတ်ဖြတ်ဖို့လည်း ဝန်မလေးတတ်သူတွေ။ ကြောက်တတ်တဲ့ နုံအအ ရဲသားတစ်ယောက်ဖြစ်တဲ့ ညီကိုအားကိုးနေရသူ ဗစ်ကရမ်ဟာ ဒီဂိုဏ်းသမားတွေနဲ့ ဘယ်လို ရင်ဆိုင်လာရမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။

Comments