ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ကမ္ဘာပျက်ကပ်ဘေးကြီးထဲမှာ ကလေးမလေးကို ကယ်တင်ဖို့ကြိုးစားတဲ့အခါ
🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 6
Concrete Utopia မှာတုန်းက ဆိုးလ်မြို့ ငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး စည်ကားတိုးတက်တဲ့ ဆိုးလ်မြို့၊ နေချင်စဖွယ် ဆိုးလ်မြို့လေးကနေ နေ့ချင်းညချင်း ဖုန်းဆိုးမြေ ဖြစ်သွားပါတော့တယ်။
Post apocalyptic survival ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း လူနည်းစုပဲကျန်တဲ့ ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေ၊ မိုးခေါင်ရေရှား အစာရေစာရှားတဲ့ ဘေးကနေ ခက်ခက်ခဲခဲ ရှင်သန်ဖို့ ကြိုးစားရပါတော့တာပေါ့။
Badland Hunters ကတော့ ဒီအဖြစ်ဆိုးကြီးအပြီး (၃) နှစ်တာကာလကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ (၃) နှစ်တာ အခက်အခဲကို ဖြတ်သန်းပြီးတဲ့နောက် သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ၊ လောကဓံအထုအထောင်းတွေလည်း အတော်လေးကြုံရပြီးပြီဖြစ်တဲ့ ပြည်သူတစ်စုကတော့ ဘတ်စ်ကားဝင်းလေးထဲမှာ စုပြီး ရွာငယ်လေးတစ်ခုလို သိုက်သိုက်ဝန်းဝန်း နေထိုင်ကြတာကို ရှုစားကြရမှာဖြစ်ပါတယ်။
Comments
Post a Comment