မိန်းမဆီက ငွေလိမ်သွားတဲ့ ကုမ္ပဏီကို ဒေဝါလီခံရအောင်လုပ်မဲ့ ဉာဏ်ကြီးရှင်

🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 6.4

Voice Phishing ဆိုတာ အသံနဲ့ လိမ်လည်မှုပါ။ တစ်နည်းပြောရရင် ဖုန်းဆက်ပြီး လိမ်တဲ့ လိမ်နည်းပါပဲ။

ကျွန်မတို့ မြန်မာနိုင်ငံမှာ ဒီစကားလုံးနဲ့ စိမ်းနေပေမဲ့ ကိုရီးယားမှာတော့ မကြာခဏ ဖြစ်လေ့ရှိတဲ့ လိမ်လည်မှုလို့ ပြောရင်လည်း မမှားပါဘူး။ အသံနဲ့ လိမ်တယ်ဆိုတာက သနားကြင်နာမှုပဲ... ဦးနှောက်မရှိတာ၊ အသိပညာမရှိတာနဲ့ မဆိုင်ဘူး။ တစ်ဖက်လူရဲ့ မျှော်လင့်ချက်နဲ့ ကြောက်ရွံ့မှုကို သုံးရတာ။

လူတွေရဲ့ စိတ်လှုပ်ရှားဆုံး ကြောက်ရွံ့ဆုံးအချိန်၊ အမှားအမှန် မခွဲခြားနိုင်တဲ့ အချိန်ကို အသုံးချပြီး ငွေကြေးလိမ်လည်နေတဲ့ အဖွဲ့အစည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ငွေအလိမ်ခံရတာကို နောက်ဆုံးအချိန်ထိ လိုက်မယ့် ရဲဝန်ထမ်းကနေ နှုတ်ထွက်ထားတဲ့ ဟန်ဆောဂျွန်း... ဒီအမှုကို ဟန်ဆောဂျွန်း နောက်ဆုံးအချိန်ထိ ထုတ်ဖော်သွားနိုင်မလားဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

Comments