မင်းသားကြီး မာဒုံဆော့ရဲ့ မျက်ရည်ခိုင်မှ ကြည့်သင့်တဲ့ ဇွန်ဘီကား

🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 7.6

ဆော့ဝူ (Gong Yoo) ဟာ ငွေကြေးစီမံမန်နေဂျာတစ်ယောက်ဖြစ်ပြီး အလုပ်ကိုပဲ အရမ်းဦးစားပေးလွန်းတဲ့အတွက် သမီးလေးကို အချိန်မပေးနိုင်ဖြစ်နေပါတယ်။

တစ်နေ့မှာတော့ သမီးဖြစ်သူက သူ့မွေးနေ့မှာ ဘူဆန်မှာရှိတဲ့ အမေဆီကို သွားချင်တယ်လို့ အတင်းပူဆာတဲ့အတွက် အလုပ်တွေကိုပစ်ပြီး လိုက်ပို့ရပါတော့တယ်။ အဲဒီနေ့မှာပဲ ဇွန်ဘီပိုးက နိုင်ငံအနှံ့ စတင်ပျံ့နှံ့နေပြီး သူတို့စီးတဲ့ ရထားပေါ်မှာလည်း ဇွန်ဘီအကိုက်ခံထားရတဲ့သူတစ်ယောက် ပါလာပါတယ်။

အဲဒီသူကနေတစ်ဆင့် ရထားတစ်စီးလုံးနီးပါးပါ ဇွန်ဘီပိုး ကူးစက်သွားတဲ့အတွက် သူတို့ ဒီရထားပေါ်ကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားကြမလဲ၊ မင်းသား (၃) ယောက် ပူးပေါင်းပြီး ဇွန်ဘီတွေကို ဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပြီး ရသပေါင်းစုံ ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။

Comments