ဝါရင့်တရုတ် မင်းသားကြီးတို့ရဲ့ ရှယ်ကြမ်းတဲ့ ဂိုဏ်းစတားဇာတ်ကား

🌐 ဇာတ်ကားတိုက်ရိုက်ကြည့်ရန် VPN လိုအပ်ပါသည်။
⚠️ ကြေငြာရောက်သွားရင်နောက်ပြန်ဆုပ်ပါ
IMDb - ⭐ 6.7

၁၉၆၃ ခုနှစ်တုန်းက တရုတ်ပြည်ကနေပြီးတော့ ဗြိတိသျှကိုလိုနီဖြစ်တဲ့ ဟောင်ကောင်ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတစ်ယောက်ရဲ့ အညှာအတာကင်းမဲ့ပြီး ပါဝါကြီးလာတဲ့ မူးယစ်ရာဇာတစ်ယောက် ဖြစ်လာအောင် လုပ်ယူပုံတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။

အတိုက်အခိုက် စကေးကျွမ်းကျင်တဲ့ ဟောင် ဟာ ဟောင်ကောင်ထဲရောက်ပြီးနောက် မြေအောက်ဒုစရိုက်လောကထဲ ထိုးဖောက်ဝင်ရောက်ကာ ပြိုင်ဘက်တွေနဲ့ အတောမသတ်နိုင်တဲ့ ပွဲတွေအများကြီး ဆင်နွှဲပြီးနောက်မှာ ရဲတွေနဲ့ တခြားမူးယစ်ရာဇာတွေအားလုံးကို ကြောက်ရတဲ့ အညှာအတာကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ မူးယစ်ရာဇာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူဟာ ရန်ဘက်တွေများပေမယ့် အာဏာရှိတဲ့ ရဲစုံထောက်ခေါင်းဆောင် ရော့ခ်နဲ့ အလုပ်အတူတွဲလုပ်ကြရင်းနဲ့ မြေအောက်ဂိုဏ်းသားတွေ၊ မူးယစ်ရာဇာတွေနဲ့ အကျင့်ပျက်ရဲတွေကို ရင်ဆိုင်ကြပုံတွေကို ရှယ်တွေ့ရမှာဖြစ်ပါတယ်။

Comments